Franchising

Fuel Your

Business

Dreams

FRANCHISING
လုပ်ငန်းအကြောင်း

City Express သည် မြန်မာနိုင်ငံတွင် အလျင်မြန်ဆုံး ကြီးထွားလာနေသော အရောင်းစတိုးဆိုင်များထဲမှ တစ်ခုဖြစ်သည်။ ပထမဆုံးစတိုးဆိုင်ကို ရန်ကုန်မြို့ လှည်းတန်းလမ်းတွင် ၂၀၁၁ ခုနှစ် ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အဆိုပါဆိုင်ခွဲအား City Express သို့ အမည်ပြောင်းလဲခဲ့ပြီး ယခုအခါတွင် ရန်ကုန်တစ်ဝန်း၌ ဆိုင်ခွဲပေါင်း (၁၀ဝ) ကျော် ဖြန့်ကျက်ထားပြီး ဖြစ်ပါသည်။

City Express စတိုးဆိုင်များတွင် မရှိမဖြစ် လိုအပ်သည့်ပစ္စည်းများအပြင် အခြားကုန်ပစ္စည်း အမျိုးအမည်ပေါင်းများစွာ စုံစုံလင်လင် ရနိုင်ပါသည်။ ဖော်ရွေသော အပြုံးကိုယ်စီနှင့် မြန်ဆန်ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် သင်၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် City Express မှ ကြိုဆိုလိုက်ပါသည်။ သင် လိုအပ်သည့် အချိန်တိုင်း အနီးအနားတွင် အမြဲအသင့်ရှိနေသည့် စတိုးဆိုင်အဖြစ် အားလုံး၏အသိအမှတ်ပြုခြင်း ခံရပြီးလည်း ဖြစ်ပါသည်။

City Express အား မြန်မာနိုင်ငံ၏ လက်လီအရောင်းဈေးကွက်တွင် ဦးဆောင်လျက်ရှိသည့် City Mart Holdings Co.,Ltd (CMHL) မှ လည်ပတ်ဆောင်ရွက်လျက်ရှိပါသည်။ CMHL မှ  City Mart Supermarket, Ocean Supercenter, marketplace by City Mart, mini City Mart, City Care, City Books & Music, Safari Bookstore, City Baby Club နှင့် City Mall Online အစရှိသည့် လက်လီဆိုင်ခွဲပေါင်းများစွာကိုလည်း ဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

City Express သည် လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် Franchise လုပ်ငန်းလက်ခွဲယူသူများအဖြစ် ကိုယ်ပိုင်လုပ်ငန်းစတင်နိုင်ရန် ထူးခြားသော အခွင့်အရေးများကို ပေးလျက်ရှိပါသည်။ လူကြိုက်များပြီး အရည်အသွေးရှိသော ထုတ်ကုန်အမြောက်အမြား ရှိသည့်အပြင် အောင်မြင်သော လုပ်ငန်းလည်ပတ်မှု ပုံစံရှိသည့် City Express အား Franchise လုပ်ငန်းလက်ခွဲယူရန် လျှောက်ထားရာတွင် ရွေးချယ်မှုအဆင့် ပြီးမြောက်ပါက အခမဲ့ (၂) ပတ်တာ မွမ်းမံသင်တန်း တက်ရောက်ခွင့် ရရှိမည် ဖြစ်ပါသည်။ လုပ်ငန်းလုပ်ဆောင်နေစဉ်အတွင်းတွင်လည်း ကုမ္ပဏီအကြံပေးများ၏ စဉ်ဆက်မပြတ် လမ်းညွှန်ပံ့ပိုးမှုကိုလည်း ခံစားရရှိကြရမည် ဖြစ်သည်။

FRANCHISE လုပ်ငန်းပုံစံ

ဤ franchise လုပ်ငန်းပုံစံသည် ပြည်တွင်းရှိ နာမည်ကြီး City Express အမှတ်တံဆိပ်၏ အောင်မြင်စွာလည်ပတ်နေသော လက်လီရောင်းမှုများဖြင့် သက်သေပြထားပြီးသော မူဘောင်များနှင့် နည်းစနစ်များအပေါ် အခြေခံထားပါသည်။ ကနဦးငွေသားရင်းနှီးမြှုပ်နှံမှုအဖြစ် သင့်တင့်လျောက်ပတ်သော ပမာဏသာ ပေးသွင်းရမည်ဖြစ်ပြီး franchise လုပ်ငန်းလက်ခွဲယူသူများအနေဖြင့် franchise ယူထားသည့် ကာလပတ်လုံး လိုအပ်သည့် အကူအညီနှင့် ပံ့ပိုးမှုများအား အစဉ်အမြဲရရှိနေမည် ဖြစ်သည်။ City Express စတိုးဆိုင်အား franchise လုပ်ငန်းလက်ခွဲယူသူများသည် မှီခိုမှုကင်းသည့် စွန့်ဦးတီထွင်သူများအနေနှင့် (၃) နှစ်တိတိ စာချုပ်ဖြင့် စတင်ဖွင့်လှစ်နိုင်ပြီး သက်တမ်းတိုးရန် နောက်ထပ် (၃) နှစ် ရွေးချယ်ခွင့်လည်း ရှိသည်။
City Express Franchisee လုပ်ငန်းလက်ခွဲယူသူများအတွက် လုပ်ငန်းပုံစံ
စုစုပေါင်း
အကြမ်းဖျင်း
အမြတ်
City Express ၏
စုစုပေါင်း အကြမ်းဖျင်း
အမြတ်ဝေစု
Franchisee
လည်ပတ်မှု
ကုန်ကျစရိတ်
Franchisee
လုပ်ငန်းလက်ခွဲယူသူ၏
အသားတင်မြတ်ငွေ

စတိုးဆိုင် လည်ပတ်မှုပုံစံများ

Franchise လုပ်ငန်းလက်ခွဲယူသူသည် နှစ်သက်ရာ စတိုးဆိုင်ဖွင့်မည့် တည်နေရာကို သတ်မှတ်ပြီးနောက် ရောင်းချပြီး ကုန်ပစ္စည်းများ ဝယ်ယူခြင်း အသေးစားနှင့် အကြီးစား ဆောက်လုပ်ရေး၊ ဆိုင်ပြုပြင် မွမ်းမံမှုများအပါအဝင် မီးစက်နှင့် လေအေးပေးစက်များ တပ်ဆင်ခြင်း စသည့် ကနဦး ဆိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုန်ကျစရိတ်များကို ကျခံရမည် ဖြစ်သည်။ City Express သည် ဆိုင်ဖွင့်လှစ်နိုင်ရန်အတွက် ကိရိယာပစ္စည်းတန်ဆာပလာများနှင့် အခြားစက်ပစ္စည်းများ၏ ကုန်ကျစရိတ်များကို ကျခံပေးမည် ဖြစ်သည်။ အရက်ဘီယာ ရောင်းချနိုင်ရန်အတွက် အရက် ဘီယာ ရောင်းချခွင့်လိုင်စင် ကိုပါ အသုံးပြုခွင့်ပေးမည် ဖြစ်ပါသည်။

City Express ကို ဘာကြောင့်ရွေးချယ်သင့်တာလဲ

ခေတ်မီသည့် လက်လီရောင်းချသည့်စနစ်နဲ့ ပြည်တွင်းလုပ်ငန်း City Express ဆိုင်အား

FRANCHISE ယူပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို တည်ထောင်လိုက်ကြရအောင်

ကျွန်တော်တို့သည် အရည်အသွေးမြင့် ကုန်ပစ္စည်းများဖြင့် လည်ပတ်လျက်ရှိသည့် ပြည်တွင်းနာမည်ရှိ လုပ်ငန်းတစ်ခု ဖြစ်သည်။
City Express သည် အမြဲတမ်း စားသုံးသူ ဖောက်သည်များ၊ ထုတ်ကုန်ပစ္စည်းအသစ်များနဲ့ ရှေ့ပြေးဈေးကွက် ချဲ့ထွင်နိုင်မှုတို့ကြောင့် ပြည်တွင်း၌ လူအများအပြား အသိအမှတ်ပြုခြင်း ခံရပြီးသော လုပ်ငန်းတစ်ခု ဖြစ်သည်။ လက်လီဈေးကွက်၏ အချိန်ပြည့်ပြောင်းလဲနေသည့် စိန်ခေါ်မှုများကို ဖြည့်ဆည်းနိုင်ရန်အတွက် စားသုံးသူများအကြောင်း၊ ထုတ်ကုန်ပစ္စည်း၏ အရည်အသွေးနှင့် အနာဂတ်ဈေးကွက်တောင်းဆိုမှုများကို ပုံမှန်စစ်ဆေးလျက်ရှိသည်။ Franchise လုပ်ငန်းလက်ခွဲယူသူများ၏ ရေရှည်အောင်မြင်မှုရရှိနိုင်ရန်အတွက် ထုတ်ကုန်ပစ္စည်းသစ်များ စမ်းသပ်ထုတ်လုပ်ခြင်းနှင့် စတိုးဆိုင်အား ပိုမိုအဆင့်မြင့်တိုးတက်စေရန် ဆန်းသစ်တီထွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိသည်။
City Express စတိုးဆိုင် franchise လုပ်ငန်းစတင်လုပ်ကိုင်နိုင်ရန်အတွက် သက်သာသော ကနဦးငွေသားရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် မတည်ငွေများလည်း သတ်မှတ်ပေးထားပါသည်။
City Express သည် မြန်မာနိုင်ငံရှိ အခြားသော franchise လုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက ကနဦးငွေသားရင်းနှီးမြှုပ်နှံမှုပမာဏ (စတိုးဆိုင်၏ အကျိုးအမြတ်ဖြစ်ထွန်းနိုင်စွမ်းပေါ် မူတည်၍) နှင့် မတည်ငွေ အနည်းဆုံးသာ လိုအပ်သည်။
သင် ဒီလုပ်ငန်းကို ''တစ်ယောက်တည်း'' ဦးဆောင်နေရတာ မဟုတ်ပါဘူး။ ဒီလုပ်ငန်းထဲမှာ ''သင်ကိုယ်တိုင် အကျိုးအမြတ်ရဖို့အတွက်'' ပါဝင်နေတာ ဖြစ်ပါတယ်။
City Express စနစ်သည် အုပ်စုလိုက် ပံ့ပိုးကူညီမှု၊ ဝယ်လိုအားနဲ့ ပွင့်လင်းမြင်သာပြီး ရိုးရှင်းတဲ့ ပြောဆိုဆက်ဆံမှုတို့ကို အစဉ်ထောက်ပံ့ပေးလျက် ရှိပါသည်။ City Express သည် ဖောက်သည်များ၏ စိတ်နှလုံးထဲတွင် အမြဲတမ်း ရှိနေရန်အတွက် ခိုင်မာသော ရောင်းချမှု၊ ဈေးကွက်ရှာဖွေရေးနှင့် ကြော်ငြာပံ့ပိုးမှုတို့ဖြင့် Franchise လုပ်ငန်းလက်ခွဲယူသူ များအားလုံးကို ပံ့ပိုးလျက်ရှိပါသည်။
ကျွန်ုပ်တို့တွင် တမူထူးခြားသည့် အမြတ်အစွန်း ခွဲဝေမှုပုံစံလည်း ရှိသည်။
Franchise လုပ်ငန်းအများစုမှာ အခြေခံရောင်းအား ရာခိုင်နှုန်းအပေါ် မူတည်၍ ပုံမှန်ငွေပေးချေမှုများ လုပ်ရလေ့ရှိသော်လည်း City Express မှာ ရောင်းရငွေမှ ရောင်းချထားသော ကုန်ပစ္စည်းစရိတ်၊ ထုတ်ပိုးမှု ကုန်ကျစရိတ်နှင့် သက်တမ်းလွန် ကုန်ပစ္စည်းစရိတ်တို့ကို နှုတ်၍ရရှိသော စုစုပေါင်း အကြမ်းဖျင်း အမြတ်ငွေအား Franchise လုပ်ငန်းလက်ခွဲယူသူများနှင့်အတူ မျှဝေခွဲယူသောစနစ် ဖြစ်သည်။ ဤ အသားတင်အမြတ်ငွေခွဲယူခြင်းပုံစံဖြင့် City Express သည် အရောင်းသက်သက် မဟုတ်ဘဲ အမြတ်အစွန်းရှိသော အရောင်းပုံစံမျိုးနှင့် ချိတ်ဆက်ထားသည်ဖြစ်၍ အရှုံးဖြစ်ပေါ်နိုင်မည့် အားနည်းချက်များကို ကာကွယ်ပေးထားပြီး အမြတ်အစွန်း အများဆုံးပမာဏကို ရစေနိုင်မည် ဖြစ်သည်။
ကျွန်ုပ်တို့သည် Franchise လုပ်ငန်းလက်ခွဲယူသူများအတွက် ပြည့်စုံသော မွမ်းမံသင်တန်းကိုလည်း ပေးပါသည်။
Franchise လုပ်ငန်းလက်ခွဲယူသူများသည် City Express စတိုးဆိုင်လုပ်ငန်း လည်ပတ်စေရန်နှင့် မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်ဖြင့် ကိုယ်တိုင် မည်သို့စီမံခန့်ခွဲရမည်ဆိုသည်များအား (၂) ပတ်တာကာလ မွမ်းမံသင်တန်းတွင် သင်ကြားပေးမည် ဖြစ်သည်။ ဤပြီးပြည့်စုံသော သင်တန်းတွင် ကိုယ်တိုင်စီမံခန့်ခွဲမှု၊ လုပ်ငန်းလည်ပတ်အောင် ဆောင်ရွက်နည်းနဲ့ ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးမှုဆိုင်ရာ အသိပညာများစွာလည်း ပေးသွားမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် တိုင်ပင်ဆွေးနွေးအကြံပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုများလည်း ပေးပါသည်။
သင့်အတွက် သတ်မှတ်ထားသော သီးသန့်အကြံပေးသည့် အပတ်တိုင်း သင့်စတိုးဆိုင်အား လာရောက်လည်ပတ်မည်ဖြစ်ပြီး အရောင်းအားတိုးမြှင့်နည်း၊ လုပ်ငန်းအကျိုးအမြတ် တိုးပွားရေး၊ ယေဘုယျ စီမံခန့်ခွဲရေး နည်းစနစ်များအပြင် ဖောက်သည် ဆက်ဆံရေးနဲ့ ထားရှိသင့်သည့် စံနှုန်းထားများကိုလည်း သိရှိစေရန် ကူညီပံ့ပိုးပေးသွားမည် ဖြစ်သည်။ ဤပုံမှန်အကြံပေးမှုဆိုင်ရာ ဝန်ဆောင်မှုဖြင့် င်္မညေခ့ငျန လုပ်ငန်းလက်ခွဲယူသူများအား အကူအညီပေးနိုင်မည် ဖြစ်ပြီး လုပ်ငန်းနှင့် ပတ်သက်သည့် တိုးတက်မှုအားလုံးကိုလည်း သိရှိနေနိုင်မည် ဖြစ်သည်။
သင့်အဖွဲ့ဝင် ဆိုင်ဝန်ထမ်းများအတွက်လည်း သင်တန်းများပေးမည် ဖြစ်သည်။
City Express စတိုးဆိုင်များတွင် အနည်းဆုံး ဆိုင်ဝန်ထမ်း (၄) ယောက်မှ (၆) ယောက်ထိ ခန့်အပ်ထားလေ့ရှိသည်။ အောင်မြင်သော လုပ်ငန်းတစ်ခု လည်ပတ်နိုင်ရန် သင့်လျော်ကောင်းမွန်သော ဝန်ထမ်းများအား ရွေးချယ်ခန့်အပ်ထားဖို့သည်လည်း အရေးကြီးသော တာဝန်တစ်ခု ဖြစ်သည်။ ထို့ကြောင့် လိုအပ်သည့် အသင်းအဖွဲ့ဝင် ခေါ်ယူမှုဆိုင်ရာစံနှုန်းများနှင့် လမ်းညွှန်ချက်များအကြောင်း အသိပညာဝေမျှပြီး အခမဲ့ လေ့ကျင့်ပေးသွားမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် ထိရောက်မှုရှိသော ဈေးကွက်ရှာဖွေရေးအစီအစဉ်များဖြင့်လည်း ပံ့ပိုးပေးပါသည်။
City Express သည် စားသုံးသူဖောက်သည်များကို ဆွဲဆောင်ရန် ထိရောက်မှုရှိသော ဈေးကွက်ရှာဖွေရေး အစီအစဉ်များနှင့် အရောင်းမြှင့်တင်ရန် မှန်ကန်သော နည်းဗျူဟာများ ပံ့ပိုးပေးလျက်ရှိသည်။
ကျွန်ုပ်တို့သည် ငွေကြေးစီမံခန့်ခွဲမှု ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးဆောင်ရွက်ပေးပါသည်။
City Express သည် စတိုးဆိုင်၏အရောင်းစွမ်းရည်ကို ပိုင်းခြားစိစစ်နိုင်ရန် င်္မညေခ့ငျန လုပ်ငန်းလက်ခွဲယူသူများ အဆင်ပြေစေရန်အတွက် ဘဏ္ဍာရေးစာရင်းရှင်းတမ်းများလည်း လုပ်ဆောင်ပေးပါသည်။
ကျွန်ုပ်တို့သည် စက်ကိရိယာများအတွက် ပြုပြင်ထိန်းသိမ်းမှုများလည်း ပြုလုပ်ပေးပါသည်။
City Express သည် ရေခဲသေတ္တာများ၊ စင်များ၊ ငွေရှင်းစက်များ စသည်တို့ အပါအဝင် စက်ပစ္စည်းအားလုံးကို ပံ့ပိုးပေးထားမည် ဖြစ်သည်။ လုပ်ငန်းလက်ခွဲယူသူများသည် စက်ပစ္စည်းများ၏ ချို့ယွင်းပျက်စီးမှုများရှိပါက အစီရင်ခံတင်ပြရန်နှင့် သင့်လျော်သော ပြုပြင်ထိန်းသိမ်းမှုများ တောင်းဆိုရန် တာဝန်ရှိပါသည်။

Franchise လုပ်ငန်းလက်ခွဲယူရန်
လိုအပ်သော အရင်းအနှီးပမာဏနဲ့ လိုအပ်ချက်များ

ရင်းနှီး မြှုပ်နှံမှု ပမဏ

Franchise လုပ်ငန်းလက်ခွဲယူခြင်းအတွက် မည်သည့်အခကြေးငွေမျှ ပေးစရာမလိုပါ။ Franchise လုပ်ငန်းလက်ခွဲယူသူအနေဖြင့် ၎င်းတို့ရွေးချယ်ထားသော နေရာအတွက် အကြီးစား (သို့မဟုတ်) အသေးစားပြင်ဆင် ဆောက်လုပ်မှုကုန်ကျစရိတ်များ၊ သက်ဆိုင်ရာစတိုးဆိုင်၏ မူလကုန်ပစ္စည်းစာရင်း၊ ကုန်ပစ္စည်းအဝင်စာရင်း၊ လုပ်ငန်းလိုင်စင်များ ပါမစ်နှင့် ရန်ပုံငွေစာရင်းများအတွက် ကနဦးအရင်းအနှီးကို ပေးရမည် ဖြစ်ပါသည်။ စတိုးဆိုင်၏ အရွယ်အစားနှင့် တည်နေရာပေါ် မူတည်၍ ကနဦးရင်းနှီးမြှုပ်နှံမှုသည် ကွဲပြားမည် ဖြစ်သည်။ ကနဦး ရင်းနှီးမြှုပ်နှံရသော ပမာဏမှာ စတိုးဆိုင်၏ အရွယ်အစား၊ တည်နေရာတို့နဲ့လိုက်ပြီး ကွာခြားနိုင်သည်။

FRANCHISE လုပ်ငန်း
လက်ခွဲယူသူတစ်ဦး၏ လိုအပ်သော သတ်မှတ်ချက်များ

City Express အား Franchise လုပ်ငန်းလက်ခွဲယူလိုသူများသည် အောက်ပါအရည်အချင်း သတ်မှတ်ချက်များနှင့် ပြည့်စုံရပါမည်။

Franchise လုပ်ငန်းလက်ခွဲယူသူများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများ

နေ့စဉ်

လုပ်ငန်းဆောင်တာများ

Franchise လုပ်ငန်းလက်ခွဲယူသူသည် ကုန်အမှာများ၊ ကုန်သိုလှောင်ရုံစီမံခန့်ခွဲမှု၊ ငွေစာရင်းကွာဟချက်များအား စီမံခြင်း၊ ဝန်ထမ်းခန့်အပ်ခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် စတိုးဆိုင်၏ အခြားထိန်းချုပ်နိုင်သော ကုန်ကျစရိတ်များအား တာဝန်ယူဆောင်ရွက်ရပါမည်။
City Express မှ အကြမ်းဖျင်း အမြတ်ငွေဝေစုအား မည်သို့ အသုံးပြုပါသလဲ
Franchise လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များ

FRANCHISE လုပ်ငန်းလက်ခွဲယူသူတစ်ဦးဖြစ်လာရန် လျှောက်ထားပုံအဆင့်ဆင့်

အဆင့် - ၁

အသေးစိတ်သိရှိနိုင်ဖို့အတွက်
ကျွန်ုပ်တို့အား ဆက်သွယ်မေးမြန်းပါ။

အဆင့် - ၂

Franchise လုပ်ငန်းအတွက် လိုအပ်သောအချက်အလက်များနဲ့ Non-Disclosure Agreement (NDA) သဘောတူညီချက်များကို ဖြည့်စွက်ပါ။

အဆင့် - ၃

Franshise Presentation session အားတက်ရောက်ပါ။

အဆင့် - ၄

သိလိုတဲ့အချက်တွေ မေးမြန်းရန် City Express Management Team နဲ့ တွေ့ဆုံပြီး တိုင်ပင်ဆွေးနွေးပါ။

အဆင့် - ၅

ဖွင့်လှစ်ပြီးသား City Express store စတိုးဆိုင်တစ်ခုကို သွားရောက်ကြည့်ရှုလေ့လာပြီး အသစ်ဖွင့်လှစ်ရန် နေရာကောင်းတစ်ခု ရှာဖွေပါ။

အဆင့် - ၆

Franchise Application Form လျှောက်လွှာအား ဖြည့်ပါ။

အဆင့် - ၇

ကနဦးငွေ ရင်းနှီးငွေ ပေးသွင်းပါ။

အဆင့် - ၈

Franchise Agreement သဘောတူညီချက်အား လက်မှတ်ထိုးပါ။

အဆင့် - ၉

လိုင်စင်လျှောက်ထားခြင်း၊ စတိုးဆိုင်နေရာအသစ်အား သတ်မှတ်ခြင်းတို့နှင့်အတူ Franchisee Training programme မွမ်းမံသင်တန်းကို တက်ရောက်ပါ။

အဆင့် - ၁၀

ဆိုင်ပြင်ဆင်ပြီး စတင်ဖွင့်လှစ်လိုက်ပါ။

အဆင့် - ၁

အသေးစိတ်သိရှိနိုင်ဖို့အတွက်
ကျွန်ုပ်တို့အား ဆက်သွယ်မေးမြန်းပါ။

အဆင့် - ၂

Franchise လုပ်ငန်းအတွက် လိုအပ်သောအချက်အလက်များနဲ့ Non-Disclosure Agreement (NDA) သဘောတူညီချက်များကို ဖြည့်စွက်ပါ။

အဆင့် - ၃

Franshise Presentation session အားတက်ရောက်ပါ။

အဆင့် - ၄

သိလိုတဲ့အချက်တွေ မေးမြန်းရန် City Express Management Team နဲ့ တွေ့ဆုံပြီး တိုင်ပင်ဆွေးနွေးပါ။

အဆင့် - ၅

ဖွင့်လှစ်ပြီးသား City Express store စတိုးဆိုင်တစ်ခုကို သွားရောက်ကြည့်ရှုလေ့လာပြီး အသစ်ဖွင့်လှစ်ရန် နေရာကောင်းတစ်ခု ရှာဖွေပါ။

အဆင့် - ၆

Franchise Application Form လျှောက်လွှာအား ဖြည့်ပါ။

အဆင့် - ၇

ကနဦးငွေ ရင်းနှီးငွေ ပေးသွင်းပါ။

အဆင့် - ၈

Franchise Agreement သဘောတူညီချက်အား လက်မှတ်ထိုးပါ။

အဆင့် - ၉

လိုင်စင်လျှောက်ထားခြင်း၊ စတိုးဆိုင်နေရာအသစ်အား သတ်မှတ်ခြင်းတို့နှင့်အတူ Franchisee Training programme မွမ်းမံသင်တန်းကို တက်ရောက်ပါ။

အဆင့် - ၁၀

ဆိုင်ပြင်ဆင်ပြီး စတင်ဖွင့်လှစ်လိုက်ပါ။

အမေးများသော မေးခွန်းများ

Franchise လုပ်ငန်းလက်ခွဲယူသူ တစ်ယောက်ဖြစ်ဖို့အတွက် ဘာတွေလိုအပ်သလဲ။
Franchise လုပ်ငန်းလက်ခွဲယူသူသည် အသက် ၂၅ နှစ်နှင့်အထက် မြန်မာနိုင်ငံသား ဖြစ်သင့်ပြီး ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှုအတွက် လုံလောက်သော ငွေကြေးအခြေအနေ ပိုင်ဆိုင်ရမည်။ ထို့အပြင် Franchise လုပ်ငန်းလက်ခွဲယူသူများသည် ကုမ္ပဏီတစ်ခုကို မှတ်ပုံတင်နိုင်ပြီး ဒေသတွင်းချမှတ်ထားသော အခွန်စည်းမျဉ်းများအားလုံးကို လိုက်နာနိုင်ရမည်။ Franchise လုပ်ငန်းလက်ခွဲယူသူများသည် အခြားသော ပြိုင်ဖက်စီးပွားရေးလုပ်ငန်းများအား ပါဝင်လုပ်ဆောင်ခြင်း မပြုသင့်ပါ။
စတိုးဆိုင်အား ကောင်းမွန်စိတ်ချစွာ လည်ပတ်နိုင်ရန် လိုအပ်သော သင်တန်းများနှင့် လမ်းညွှန်ချက်များပေးမည် ဖြစ်သောကြောင့် လက်လီအရောင်းဆိုင် အတွေ့အကြုံရှိရန် မလိုအပ်ပါ။
လုပ်ငန်းလက်ခွဲယူသူအနေနှင့် သက်တမ်းတိုးရန် နောက်ထပ် (၃) နှစ်ရွေးချယ်နိုင်မှုနှင့်အတူ City Express Franchise ဆိုင် အဖြစ် (၃) နှစ်တာ လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်သည်။ ကိုယ်ပိုင်စီးပွားရေးကုန်သွယ်မှုအနေဖြင့် ဆိုင်၏တည်နေရာနှင့်အတူ City Express အမှတ်တံဆိပ်အဖြစ် မှတ်ပုံတင်ရမည် ဖြစ်ပါသည်။ ထို့အပြင် ဆိုင်နေရာရှာဖွေခြင်း၊ ဆိုင်ဖွင့်လှစ်ရန် လိုအပ်သည်များကို သင်ကြားပေးမည့် မွမ်းမံသင်တန်း၊ ပရိဘောဂများနှင့် စတိုးဆိုင်ပစ္စည်းများပါရှိသော ပြန်လည်မွမ်းမံထားသော စတိုးဆိုင်၊ ကုန်ပစ္စည်းစာရင်းနှင့် ဈေးကွက်ရှာဖွေရေးဆိုင်ရာ ပံ့ပိုးကူညီမှုတို့ကိုလည်း ရရှိမည် ဖြစ်ပါသည်။
Franchise လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ရရှိနိုင်သောဝင်ငွေကို အတိအကျခန့်မှန်းပြောဆို၍ မရနိုင်သော်လည်း Franchise ဆိုင်ခွဲဖွင့်လှစ်ခြင်းသည် လုပ်ငန်းရှင်များအတွက် အောင်မြင်မှုရရှိနိုင်သည့် လုပ်ငန်းပုံစံတစ်ခုဖြစ်ကြောင်း ပြောဆိုနိုင်ပါသည်။ ရရှိနိုင်သည့် ဝင်ငွေအကျိုးအမြတ်မှာ အောက်ဖော်ပြပါ အချက်အလက်များအပေါ်တွင်လည်း မူတည်ပါသည်။
  • စုံလင်သည့် ကုန်ပစ္စည်းအမျိုးအစားများထားရှိခြင်း၊ တန်ဖိုး၊ အရည်အသွေးမီ ကုန်ပစ္စည်းများနှင့် ကောင်းမွန်သော ဝန်ဆောင်မှုတို့အပြင် သန့်ရှင်းသပ်ရပ်ပြီး ဖော်ရွေသော ဆိုင်အပြင်အဆင်များထားရှိခြင်းဖြင့် မိမိ၏ ဝယ်ယူသူ ဖောက်သည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း
  • City Express မှ ချမှတ်ထားသော လုပ်ငန်းဆောင်ရွက်မှုများကို အတိအကျလုပ်ဆောင်ခြင်း
  • မိမိရဲ့ဝယ်ယူသူ ဖောက်သည်များကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်အတွက် အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများအား ခန့်ပြီး ပြုစုပျိုးထောင်ခြင်း
  • ဆိုင်၏အသုံးစရိတ်အား သေချာစီမံခန့်ခွဲပြီး ရောင်းအားအခြေအနေကို အမြဲမပြတ် စောင့်ကြည့်ခြင်း
ကျွန်ုပ်တို့ City Express ၏ အောင်မြင်မှုသည် လုပ်ငန်းရှင်များ၏ အောင်မြင်မှုပေါ်တွင် မူတည်သောကြောင့် ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ တတ်နိုင်သမျှ အမြန်ဆုံးအမြတ်အစွန်း ရရှိရန် ဖြစ်ပါသည်။ သင့်စတိုးဆိုင်ကို ကောင်းစွာလည်ပတ်ပြီး ဝယ်ယူသူ ဖောက်သည် များကို ဝန်ဆောင်မှုပေးခြင်းသည် သင့်အမြတ်အစွန်းကို သေချာပေါက်အကျိုးသက်ရောက် စေနိုင်မည် ဖြစ်ပါသည်။ စုစုပေါင်းဝင်ငွေသည် သတ်မှတ်ထားသော အဆင့်များအောက် ကျရောက်ပါက ကျွန်တော်တို့၏ အတိုင်ပင်ခံအကြံပေးများက ဘဏ္ဍာရေးဆိုင်ရာ အကြံဉာဏ်များပေးအပ်သွားမည် ဖြစ်ပါသည်။
စတိုးဆိုင်တစ်ခုအဖြစ်ကို စတင်ဖွင့်လှစ်နိုင်ဖို့အတွက် မိမိဖွင့်လှစ်လိုသော လျာထားသည့်နေရာများကို အကဲဖြတ်ဆုံးဖြတ်ပေးဖို့အတွက် ကျွန်တော်တို့အဖွဲ့ထံ တင်ပြရမည်ဖြစ်ပြီး သင့်တော်ပါက နေရာပိုင်ဆိုင်သူ သို့မဟုတ် မြေရှင်နှင့်အတူ လက်တွဲကာ ဆိုင်နေရာကို စတင်ဖို့လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

နိုင်ငံတစ်ဝန်းရှိ မြို့တော်ကြီးများနှင့်ဒေသဆိုင်ရာစင်တာကြီးများအားလုံးတွင် Franchise များကို ဖွင့်လှစ်နိုင်ပါသည်။

Franchise လုပ်ငန်းလက်ခွဲယူသူ၏ နှစ်သက်ရာစတိုးဆိုင်တည်နေရာကို သတ်မှတ်ပြီးနောက်၊ ကိရိယာတန်ဆာပလာများနှင့် စတိုးဆိုင်သုံးပစ္စည်းများသာ ပါဝင်သော တပ်ဆင်စရိတ်ကို City Express မှ ကျခံပါမည်။ အသေးစားနှင့် အကြီးစားဆောက်လုပ်ရေးနှင့် ဆိုင်ပြုပြင်မွမ်းမံမှုများအပြင် မီးစက်နှင့် လေအေးပေးစက်များ တပ်ဆင်ခြင်း စသည့် ကနဦးဆိုင်ဖွံ့ဖြိုးတိုးတက်မှု ကုန်ကျစရိတ်အတွက် Franchise လုပ်ငန်းလက်ခွဲယူသူမှ တာဝန်ယူရမည် ဖြစ်ပါသည်။
ဖွင့်နိုင်ပါသည်။ သို့သော် စတိုးဆိုင်တစ်ခုစီတိုင်းသည် သီးခြား သဘောတူညီမှုနှင့် ရင်းနှီးမြှုပ်နှံမှု လိုအပ်မည် ဖြစ်ပါသည်။
လိုအပ်ပါသည်။ စားသုံးသူ ဖောက်သည်များ၏ လိုအပ်ချိန်တွင် အမြဲရှိနေနိုင်ရန်အတွက် ဥပဒေအရ ခွင့်ပြုထားသည့် နေရာတွင် City Express စတိုးဆိုင်များသည် တစ်ပတ်လျှင် (၇) ရက်၊ တစ်ရက်လျှင် (၂၄) နာရီ လည်ပတ်သင့်သည်။
Franchise လုပ်ငန်းလက်ခွဲယူသူများသည် City Express မှ တင်သွင်းပေးထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချရမည်ဖြစ်ပြီး ကိုယ်ပိုင်သီးသန့် ထုတ်လုပ်ထားသော City Express အမှတ်တံဆိပ် ကုန်ပစ္စည်းများကိုလည်း ရောင်းချပေးရမည် ဖြစ်သည်။
Scroll to Top